အမြို့မြို့အနယ်နယ်သတင်းများ

Feb 03,2022
(၇၅)နှစ်‌မြောက်စိန်ရတု ပြည်‌‌ထောင်စုနေ့ အထိမ်းအမှတ်ကိုကြိုဆိုဂုဏ်ပြု‌သောအားဖြင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊  ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ်(၆)လ ပိုင်းဘဏ္ဍာနှစ် နှင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာသူ ကျေးရွာသားများပူးပေါင်း ဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကိုထင်းစုကျေးရွာ၌ ယနေ့နံနက်၈နာရီက အဆိုပါကျေးရွာ၌ကျင်းပခဲ့ကြောင်း သိရသည်။
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာနမှ ဖေဖော်ဝါရီ လ (၂)ရက်နေတွင် ကျရောက်သည့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားအား မြို့နယ်သစ်တောဦးစီးဌာန ရိပ်သာ၌ ယမန်နေ့ နံနက် (၁၀)နာရီခွဲတွင် ကျင်းပပြီး မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ကြသည့် ဒေသခံပြည်သူများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အမှတ် ၆ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းရှိ ဒိုဘီကုန်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ပြီး ကျန်းမာပျော်ရွှင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ် စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားခြင်းပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၁)ရက်နေ့ ညနေ (၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Feb 03,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးငယ်များဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်၊ ညနေ ၄ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
Feb 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်း ကျောင်း (ကဝ) ၌ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၈) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Feb 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ဖျာပုံ-ကျိုက်လတ်ကားလမ်းဘေးရှိ ဖျာပုံမြို့အဝင်ဆိုင်းဘုတ်ဖွင့်ပွဲနှင့် ဖျာပုံမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ ဒုတိယလမ်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားတို့အား ယမန်နေ့ နံနက်(၁၀)နာရီ(၃၅) အချိန်က အဆိုပါမုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်သည်။
Feb 03,2022
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများလုပ်ကိုင်ပြီး မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက်  မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီက ဝမ်းသောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒုတိယအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (၃၁၁) သိန်းငါးသောင်းကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။