ပျဉ်းမနား ဖေဖော်ဝါရီ ၃
လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်သူများ ဖြစ်ပေါ်လာစေရန်၊ အားကစားစိတ်ဓာတ်ကို အခြေခံပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်ထောင်စုနယ်မြေကိုယ်စားပြု အားကစား သမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ နေပြည်တော်ကောင်စီ အမျိုးသမီး အားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ၏ အကြီးတန်း(၅)ယောက်တွဲပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီခွဲတွင် ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း အားကစားခန့်းမ၌ စတင် ကျင်းပလျက်ရှိသည်။
နေပြည်တော်ကောင်စီ အမျိုးသမီးအားကစားအဖွဲ့ နာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ၏ အကြီးတန်း (၅)ယောက်တွဲပြိုင်ပွဲကို နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တို့မှပြိုင်ပွဲဝင်အသင်းများ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ နေပြည်တော်ကောင်စီ အမျိုးသမီးအဖွဲ့ နာယက ဒေါ်ယုဇနပြုံးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်းကျော်(မြို့နယ်ပြန်/ဆက်)