ချောင်းဆုံ ဖေဖော်ဝါရီ ၃
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ၊ ပြည်နယ်ဝန်ကြီးများ နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများသည် ယနေ့နံနက် ၉ နာရီက ချောင်းဆုံမြို့ ကျွန်းသာယာခန်းမတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအောင်မြင်စေရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နေထိုင်ကြရေး၊ ရပ်/ရွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးစေရေး အထူးဂရုစိုက် ကြပ်မတ် ဆောင်ရွက်ကြရန် လိုကြောင်း၊ ဒေသအကျိုးကို ကျေပွန်စွာ ဆောင်ရွက်ကြရန်လိုအပ်မည် ဖြစ်သည့်အပြင် မိမိတို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၏ လိုအပ်ချက်များကို တင်ပြပေးကြရန် လိုကြောင်း၊ တင်ပြမှုများကိုလည်း သတ်မှတ်ဘဏ္ဍာရေးနှစ် အလိုက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ၆လတာဘတ်ဂျက်ကာလအတွင်းဆောင်ရွက်သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းပြီးစီးမှု၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြီးစီးမှုရာခိုင်နှုန်းများကို တင်ပြဆွေးနွေးခဲ့ကြပြီး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားလိုအပ်သည်များတင်ပြဆွေးနွေးမှုအပါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့အကျိုးပြူလုပ်ငန်းများတွင် စုပေါင်းညီညွတ်စွာဆောင်ရွက်ကြရန် ၊ရပ်/ရွာအေးချမ်းသာယာရေးအတွက် ပူးပေါင်းဆောင်ရွက်ကြ ရန်လိုကြောင်း ထပ်ဆင့်ရှင်း လင်းပေးသည်။
ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းမှ လျှပ်စစ်မီတာခ ပေးသွင်းမှုအခြေအနေများအား လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်နိုင် ကလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာနှင့်စပ်လျဉ်း၍ လည်းကောင်း ၊ ပြည်နယ်ပြည်သူ့ကျန်းမာ ရေးပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မြေငှားဂရမ်ရရှိရန်အတွက် သက်ဆိုင်ရာဌာနများအား လမ်းညွှန်မှာကြားသည်။ တွေ့ဆုံရာတွင် မြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းများအပြင်ရပ်/ရွာသန့်ရှင်းသာယာလှပရေးတို့နှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြသည်။
ထိုမှတစ်ဆင့်ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွမ်ရိုက် ၊ ရွာလွတ် ကျေးရွာချင်းဆက်လမ်း လမ်းပခုံးချဲ့ထွင်ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရသည်။
ထူးနေအိမ်(ပြန်/ဆက်)