Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဧရာတိုင်းဒေသကြီးတွင် ငှက်ပျောချည်မျှင်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ
Feb 04,2022
ဧရာဝတီတိုင်းဒေသကြီးအတွင်း ငှက်ပျောပင် အများအပြား စိုက်ပျိုးလျက်ရှိသော တိုင်းဒေသဖြစ်သည်နှင့် လျှော်ညီစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ငှက်ပျောပင် ပင်စည်မှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းဖြင့် လူ့အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ် ရောင်းချသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုကိုးကျွန်းမြို့နယ်၌ အသံမစဲပဌာန်းရွတ်ဖတ် ပူဇော်ပွဲပိတ်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
Feb 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်အတွင်း နေထိုင်ကြသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါနှင့် အခြားသော ကပ်ဘေး များကျရောက်ခြင်းတို့မှ ကင်းဝေးပပျောက်စေရန်အတွက် ကိုကိုးကျွန်းမြို့နယ် သာသနမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဝံသ ဦးဆောင်၍ သံဃာတော်စုစုပေါင်း ၁၆ ပါးတို့မှ ၂၈-၁-၂၀၂၂ ရက်နေ့ ည (၇) နာရီအချိန်မှစ၍ ဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော်မှပဌာန်းဒေသနာ တရားတော် ရွတ်ဖတ် ပူဇော်ရခြင်း ပတ်သက်၍ တရားဟောကြားပြီး အသံမစဲပဌာန်းစတင်ရွှတ်ဖတ်ပူဇော်ခဲ့ကြာင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ(၅၀၆)ဦးရှိ
Feb 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ(၃၀)ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုသူ(၂၉၉)ဦးနှင့် အပြင်ဖြေဆိုသူ(၂၀၆)ဦး စုစုပေါင်း(၅၀၆) ဦးတို့က ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲကျင်းပ
Feb 04,2022
ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု၏ အသက်ခန္ဓာများကို ကယ်တင်ဆောင်ရွက်ရာ တွင် စွမ်းရည်ပြည့်ဝစွာဖြင့် ကူညီဆောင်ရွက် ပေးနိုင်ရန်အတွက် မြိတ်ခရိုင်မီးသတ် ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲကို ဖေဖော်ဝါရီ(၂)ရက် နေ့လယ်ပိုင်းက မြိတ်ခရိုင်မီးသတ်စခန်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံကွန်ပျူတာကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲနှင့် e-Government Training Center ဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 04,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးဖွင့်လှစ်သောကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲကိုတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမနှင့် e_Govemment Training Center အဆောက်အဦနှင့် ဆိုင်းဘုတ်ဖွင့်ပွဲကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ အဆိုပါ အဆောက်အဦတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဝိမုတ္တိသုခဆုတောင်းပြည့်စေတီတော်မြတ်ကြီး (၁၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကား သိုက်မြိုက်စွာကျင်းပ
Feb 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာ ထေရဝါဒဗုဒ္ဒသာသနာပြုကျောင်းရှိ ဝိမုတ္တိသုခ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ (၁၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ရေစက်ချ အလှူမင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နေ့က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း မြို့နယ် သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ သန်လျင်၌ဖွင့်လှစ်
Feb 04,2022
(၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သန်လျင်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက် ခဲ့သော သန်လျင်မြို့နယ် ထားမလုံ-မြယာရိုး ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ လမ်းသစ်မုခ်ဦး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်နိုင်ရေး ပဏာမစိစစ်ရေး ကော်…
Feb 04,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအ နားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ် ချီး မြှင့်နိုင်ရေး ပဏာမစိစစ်နိုင်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22693
Page
22694
Page
22695
Page
22696
Current page
22697
Page
22698
Page
22699
Page
22700
Page
22701
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department