အုတ်ဖိုမြို့ လျှပ်စစ်(၃)လမ်း တံတားချဉ်းကပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

အုတ်ဖို  ဖေဖော်ဝါရီ   ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့တော်သန့်ရှင်း သာယာ လှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အုတ်ဖိုမြို့၊ ရွာမရပ်ကွက်၊ လျှပ်စစ်(၃)လမ်း တံတားချဉ်းကပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မြို့တော်သာယာလှပ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ အရှည် (၂၀)ပေ၊ အကျယ် (၁၀)ပေနှင့် ထုထည်အမြင့် (၈)လက်မရှိသော တံတားချဉ်းကပ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ ကြောင်း၊ ယခုအချိန်တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ယခင်ကထက် သွာလာရေး ပိုမိုအဆင်ပြေ ချောမွေ့သွား ပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရသည်။

အောင်သူ