အမြို့မြို့အနယ်နယ်သတင်းများ

Feb 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြေအောက်ရေအသုံးပြုပြီး မိုးကြိုချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) စမ်းသပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီက ကြာတကန်ကျေးရွာ၊ ကွင်းအမှတ် ၄၉၅၊ တောင်သူ ဦးမြသာ၏ ယာမြေနှစ်ဧက၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း မှ ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီက ဈေးတန်းရပ်ကွက်ရှိ၊ ဓာတ်လုံဟိုစေတီပရဝဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 08,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin) Phase-7 ပထမအကြိမ်အဖြစ် ယမန်နေ့နံနက် ပိုင်းက စုရပ်(၃)ခု၌ ထိုးနှံပေးကြောင်း သိရသည်။
Feb 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်၍ ကလေးငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် ခရိုင်အဆင့် မူလတန်းကြို ကျောင်းပေါင်းစုံ ကဗျာ၊ သီချင်း၊ ပုံပြင်၊ လက်ချောင်းပန်းချီပြိုင်ပွဲများကို ယ နေ့ နံနက် (၈)နာရီ ၃၀ မိနစ် အချိန်က ဖျာပုံ မူလတန်းကြိုကျောင်းတွင် ကျင်းပသည်။
Feb 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း ကျေးရွာ(၆)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ရွှေဘိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Feb 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်၊ ပြည်ပနိုင်ငံများမှတင်သွင်းသည့် စားအုန်းဆီအစား ပြည်တွင်းဆီ အစားထိုးသုံးစွဲမှု မြင့်မားလာစေရေးနှင့် ကျန်းမာရေး နှင့်ညီညွတ်သည့် စားသုံးဆီများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး စစ်ဆေး ပညာပေးခြင်းများကို၊ ဖေဖော်ဝါရီ(၈)ရက်နေ့ နံနက်(၁၀)နာရီက မြို့ပေါ်ရှိ ဆီစက်လုပ်ငန်း လုပ်ကိုင်ရာဌာနများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 08,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Shaw) ဆွေးနွေးပွဲ ကျင်းပသည်။