အမြို့မြို့အနယ်နယ်သတင်းများ

Feb 08,2022
ရန်ကုန်‌ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အမိ မြန်မာနိုင်ငံတော်အတွင်း နေထိုင်သည့် တိုင်းရင်းသားများအားလုံး နေထူး နေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ကိုအစဉ်အမြဲ သတိရစေရေး ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် (စိန်ရတု) ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show )ကို ယမန်နေ့မွန်းလွဲ( ၃ )နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 08,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးသူများနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူများအား ရုရှားနိုင်ငံထုတ် Sputnik Light Vaccine ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၂) နေရာခွဲ၍ မြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနှင့် မဟာစန္ဒာသီဟဘုရားကြီးတို့တွင် ဖေဖော်ဝါရီလ ၈ ရက်နေ့နံနက်ပိုင်းမှ စတင် ထိုးနှံပေး လျက်ရှိသည်။
Feb 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ လူမှုဝန်ထမ်းဦစီးဌာန မူလတန်းကြိုကျောင်းတွင် မြန်မာ နိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူလတန်းကြိုကလေးငယ်များ၏ ကာယ/ဉာဏ စွမ်းရည် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ(၈)ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
Feb 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြုလုပ်ခဲ့သည်။
Feb 08,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယ‌နေ့နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဒွါရာဝတီဆောင်တွင် ကျင်းပပြုလုပ် လျက်ရှိသည်။
Feb 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကျင်းပသည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို မြို့မလူငယ်လေ့ကျင့်ရေးဘောလုံးကွင်း(သဲကွင်း)အနီးရှိ Happy ဖူဆယ်ဘောလုံးကွင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီတွင်ကျင်းပခဲ့ကြောင်းသိရသည်။
Feb 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာ အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။
Feb 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေ ပြည်သူများ သွားလာမှု အဆင်‌ပြေစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့‌ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ကြက်တူရွေး ကျေးရွာအုပ်စု ထီးဖိုးခီး-ကမား ကျေးရွာချင်းဆက်လမ်းအား ကျောက်ရော မြေသားလမ်းခင်းခြင်း လုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။