အမြို့မြို့အနယ်နယ်သတင်းများ

Feb 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အားကစားနည်းများနှင့် ပတ်သက်သော အကြောင်း အရာများဟောပြောခြင်း၊ လက်တွေ့သရုပ်ပြကစားခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့၊ နံနက် ၁၀နာရီအချိန်က အမှတ်(၅)အ.ထ.ကခွဲ ကျောင်းဝန်း အတွင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း သာသနာ ၂၅၆၅ ခုနစ် ကောဇာသက္ကရာဇ် ၁၃၈၃ ခု မိုးနဲ၊ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ ကွန်ဟိန်း အဋ္ဌမအကြိမ်မြောက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အနားယူ ၊ အစားထိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီ အချိန်တွင် ဝိဇ္ဇာရိယဘုန်းတော်ကြီး စာသင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 08,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဂွမြို့နယ် ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ကျင်းပဆောင်ရွက်ခဲ့သည်။
Feb 08,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် စည်ပင်သာယာအဖွဲ့ပိုင် မြို့မစျေး၌ စျေးရောင်း စျေးဝယ်သူများအား ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၈ နာရီက မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့သည်။
Feb 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့က အလယ်မန် ကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဟိုနားရွာ၊ ဓမ္မအလင်းစာကြည့်တိုက်တွင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။