ရွှေဘို ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း ကျေးရွာ(၆)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ရွှေဘိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလုပ်ငန်းများကို ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၁-၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာ(၆)ရွာတွင် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိအိဖြူ နှင့် တာဝန်ရှိသူများက မြင်းချင်းကျေးရွာ ရွာတွင်းကျောက်ချောလမ်းခင်းခြင်း အရှည် ၉၂၀ပေ၊ အကျယ် ၁၂ပေ၊ ထု ၁၁လက်မ၊ ညောင်ပင်သာကျေးရွာ ရွာတွင်းကမ္ဘာမြေခင်းခြင်း အရှည် ၃၆၄၀ပေ၊ အကျယ် ၁၄ပေ၊ ထု ၆လက်မ၊ ပလိုင်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း အရှည် ၃၄၁ပေ၊ အကျယ် ၁၂ပေ၊ ထု ၉လက်မ၊ ပန်းရံကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း အရှည် ၃၆၈ပေ၊ အကျယ် ၁၂ပေ၊ ထု ၉လက်မ၊ ကျောက်မြင့်ကျေးရွာတွင် ရွာတွင်းကမ္ဘာမြေခင်းခြင်း အရှည် ၂၈၀၀ပေ၊ အကျယ် ၁၂ပေ၊ ထု ၉လက်မနှင့် တင့်တယ်ကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း အရှည် ၃၀၈ပေ၊ အကျယ် ၁၂ပေ၊ ထု ၉လက်မ ခင်းခြင်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးခဲ့သည်။
အဆိုပါလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ် သိန်း(၆၀၀)၊ ပြည်သူ ထည့်ဝင် ငွေများ၊ လုပ်အားများဖြင့် ကိုယ်တိုင်ကိုယ်ကျ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်