အမြို့မြို့အနယ်နယ်သတင်းများ

Feb 08,2022
မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ဆရာတော်၊ သံဃာတော်များ၊ သာသနာ့အနွယ်ဝင်သီလရှင် ဆရာလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးသည်။
Feb 08,2022
မန္တလေးတိုင်းဒေသကြီး၊ ခရိုင်ဦးစီးမှူးဦးဝင်းလှိုင်ဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်ကြီးတံခွန်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးအောင်ခန့်ဝေနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၁၀) နာရီက ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်၊ ချမ်းမြသာယာရပ်ကွက်၊ (ဇ) ရပ်ကွက်နှင့် (စျ) ရပ်ကွက်များ သို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
Feb 08,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကလေးငယ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့သည်။
Feb 08,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပုံပြောပြိုင်ပွဲ၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 08,2022
ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးစသည့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးရာ အခြေခံ အဆောက်အအုံဖြစ်သည့် အားလျော်စွာ ကျန်းမာကြံ့ခိုင်၍ ထူးချွန်ထက်မြက်သော နိုင်ငံတော်ကိုယ်စားပြု မျိုးဆက်သစ်ကျောင်းသားလူငယ်များ မွေးထုတ်ပေးရေးကို အစဉ် တစိုက် ဆောင်ရွက်လျက်ရှိသည်နှင့် အညီ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်  အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ ကျင်းပပြုလုပ်လျက်ရှိ သည်။
Feb 08,2022
ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့၊ ပြည်မူလတန်းကြိုကျောင်း၌ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံကလေးများနေ့အကြို ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Feb 08,2022
ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင် ဆံတော်ရှင်ဘုရားသို့ ဘုရားဖူးပြည်သူများ ဘုရား ဖူးမြော်ရာတွင် အဆင်ပြေချောမောလွယ်ကူနိုင်ရန် အမြင့်(၂၇)မီတာရှိ Tower  တိုင်တွင် Cable Car ကားဖြင့်ပို့ဆောင်ပေးလျှက်ရှိရာ မတော်တဆဖြစ်ပွားလာပါက အရေးပေါ်ကယ်ဆယ်နိုင်ရန် ကျိုက်ထိုမြို့နယ်မီးသတ်ဦးဌာန ၊ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ဦးဆောင်၍ Cable Car ဝန်ထမ်း များပူးပေါင်းကာ ဖေဖော်ဝါရီ ၇ ရက်နံနက် ၈ နာရီတွင် အရေးပေါ်ကယ်ဆယ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြသည်။