Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မူဆယ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြလုပ်ငန်းဆောင်ရွက်
Feb 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်၊ စက်မူရပ်၊ အောင်တော်မူ ကျောင်းတိုက်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ မူဆယ်ခရိုင်၊ တပ်ဖွဲ့ဝင်များကယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် ခြုံများရှင်းလင်းခြင်း၊ ပေါင်းမြက်နှုတ်ခြင်း အမိပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Feb 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြု လုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်
Feb 08,2022
ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့ နေ့လယ် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်အတွင်းရှိ ကျောင်းများတွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများထောက်ပံ့
Feb 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်အတွင်း စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိကျောင်းများတွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်း များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖျာပုံမြို့နယ် မှော်ဘီကျေးရွာ(အလက-ခွဲ) ကျောင်းတွင် ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
လင်းခေးတွင်မြို့နယ် အုပ်ချုပ်ရေးမှူးဖလားကလပ်ပေါင်းစုံ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ခုနှစ် မြို့နယ် အုပ်ချုပ်ရေးမှူးဖလား (ကလပ်ပေါင်းစုံ) ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်ပြည်ငြိမ်းအေး အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးခရိုင် Community Centerခန်းမ ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Feb 08,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centerခန်းမ၌ ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးခရိုင် Community Centerခန်းမ၌ ကျောင်းသူ/ကျောင်းသားများ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့ ဟွေပါဆပ်ကျေးရွာ ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးလျက်ရှိ
Feb 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်မျိုးထက်နှင့်အဖွဲ့သည် ဟွေပါဆပ်ကျေးရွာ ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်နေမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်ကျင်းပ
Feb 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22618
Page
22619
Page
22620
Page
22621
Current page
22622
Page
22623
Page
22624
Page
22625
Page
22626
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department