ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို (Talk Shaw) ဆွေးနွေးပွဲ ကျင်းပ

ကျိုက်ဒုံ ဖေဖော်ဝါရီ ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Shaw) ဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့် စာကြည့်တိုက်မှူး ဒေါ်နန္ဒာလှိုင်တို့မှ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာ့တပ်မတော်သည် ဂျပန်တို့၏ အကူအညီနှင့် နယ်ချဲ့အင်္ဂလိပ်တို့ကို တိုက်ထုတ်ခဲ့ပုံ၊ ဂျပန်ဖက်ဆစ်ဝါဒ၏ သရုပ်မှန် အတုအယောင်လွတ်လပ်ရေးကို သိရှိလာသည့်အတွက် မဟာမိတ်တို့နှင့် လက်တွဲပူးပေါင်းပြီး ဂျပန်တို့ကို တိုက်ထုတ်ခဲ့ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်

တိုင်းရင်းသား ခေါင်းဆောင်များသည် ပြည်မနှင့်တောင်တန်းဒေသများအားလုံး လွတ်လပ်ရေး တစ်ပြိုင်တည်း ရရှိစေရေး ပင်လုံညီလာခံကျင်းပပြီး ဆွေးနွေးခဲ့ကြရာ ၁၉၄၇ ခုနှစ်၊ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပုံ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံစသည့် သမိုင်းကြောင်းအား အကျယ်တစ်ဝင့် အသိပညာပေး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်