ဂွ ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin) Phase-7 ပထမအကြိမ်အဖြစ် ယမန်နေ့နံနက် ပိုင်းက စုရပ်(၃)ခု၌ ထိုးနှံပေးကြောင်း သိရသည်။
၁၈နှစ်နှင့်အထက်ပြည်သူများ၊ ဦးတည်အုပ်စုတွင်ပါဝင်သူများအား Phase-7 ပထမအကြိမ် ထိုးနှံရန် Covaxin ဆေးအလုံးရေ ၈၇၄ လုံး ရရှိပြီး ဆေးတစ်လုံးလျှင် ၁၀ ဦးနှုန်းဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယမန်နေ့က စုရပ်(၃)ခုတွင် ဒေသခံပြည်သူ ၅၈၀ ဦး လာရောက် ထိုးနှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇာနည်ကျော် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန် လာရောက်သည့် ပြည်သူများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်