ဝက်လက် ဖေဖော်ဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် လှတောကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်က စိုက်ပျိုးရေးဦးစီးဌာနမှ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဥကပ်ပါးနဂျီ ဓါတ်ခွဲခန်း ဆောင်ရွက်ထားရှိမှုများကို တောင်သူများအား ဖိတ်ခေါ်ပြသပွဲ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ဥကပ်ပါးနဂျီ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို တောင်သူများအား ဖိတ်ခေါ်ပြသရခြင်း၏ ရည်ရွယ်ချက်မှာ သီးနှံဖျတ်ပိုများ ကာကွယ်နှိမ်နင်းရာတွင် ဓာတုပိုးသတ်ဆေး သုံးစွဲမှုများလျော့ချပြီး ဇီဝစနစ်ဖြင့် ကာကွယ်နှိမ်နင်နိုင်းကြောင်း တောင်သူများ သိရှိစေရန်နှင့် ရရှိလာသည့် အကျိုးကျေးဇူးများဖြစ်သည့် သီးနှံဖျတ်ပိုးများကို ဇီဝနည်းဖြင့် ကာကွယ်နှမ်နင်းနိုင် ကြောင်းတောင်သူများသိရှိလာခြင်း ဓာတုဆေးများ လျော့ချသုံးစွဲခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ချနိုင်ခြင်း ထုတ်ကုန်သီးနှံများတွင် ဓာတုဓာတ်ကြွင်းပါဝင်မှု နည်းသဖြင့် ဘေးအန္တယ်ကင်းရှင်းခြင်း သီးနှံအရည်အသွေး ကောင်းမွန်၍ စျေးကွက်ရရှိခြင်းဖြင့် တောင်သူ များ ဝင်ငွေတိုးတက်ခြင်း စိုက်ပျိုးထုတ်လုပ်သူနှင့် စားသုံးသူများအတွက် ဓာတုအဆိတ် သင့်မှုမှ ကင်းရှင်းစေခြင်း စသည့် အကြောင်းအရာများကို တောင်သူများသိရှိစေရန် ဖိတ်ခေါ်ပြသပွဲ ကျင်းပပြုလုပ်ကြောင်း ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်၏ ပြေားကြားချက်အရ သိရှိရပါသည်။
အဆိုပါ ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဥကပ်ပါးနဂျီ ဓါတ်ခွဲခန်း ဆောင်ရွက်ထားရှိမှု များကို ဖိတ်ခေါ်ပြသပွဲသို့ ဝက်လက်မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လှိုင်နှင့် လှတောကျေးရွာ အုပ်စုအတွင်းရှိ တောင်သူ ၄၃ ဦး တက်ရောက်ကြကြောင်းသိရှိရပါသည်။
မြို့နယ်(ပြန်ဆက်)