အမြို့မြို့အနယ်နယ်သတင်းများ

Feb 09,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မန်ကျည်း သီးမှည့်များ ဈေးကွက်သို့စတင် ဝင်ရောက်လာနေပြီး မကျည်းလှောင် ပွဲစားများ မကျည်း သီးမှည့်များ စတင်ကောက်ယူနေပြီ ဖြစ်ကြောင်း သိရသည်။
Feb 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ ဇေယျာသီရိ (၃)ရပ်ကွက် ပေါ်ဦးလမ်းရှိ မီးဘေး သင့် အိမ်ထောင်စုတစ်စုအား ယမန်နေ့ နေ့လယ်ပိုင်းက ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Feb 08,2022
(၇၅) နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့၊ နန္ဒဝန် ရပ်ကွက်ရှိ ကတ္တရာလမ်း(၁)လမ်း၊ ကွန်ကရစ်လမ်း(၉)လမ်း၊ ကွန်ကရစ် တံတား (၁၁)စင်း ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၈)ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ လမ်းဖွင့်ပွဲ မုဒ်ဦးရှေ့တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
Feb 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့၊ နံနက် ၁၀ နာရီက ဒေါပုံမြို့နယ်အတွင်းရှိ ပြည်သူများကို ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် အတွင်းလိုက်လံကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက် အေးငြိမ်းချမ်းသာဓမ်မာရုံတွင် ဒေသခံတိုင်းရင်းသားပြည်သူများအား မှတ်ပုံတင်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
Feb 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ(၁)နာရီ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Feb 08,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့မ(၂) ရပ်ကွက် (အ.လ.က)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။                     
Feb 08,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏  အချုပ်အခြာအာဏာပိုင်သော နေ့ထူးနေ့မြတ်အဖြစ် သတိရအမှတ်ရစေပြီး တန်ဖိုးထားထိန်းသိမ်း ကာကွယ်တတ်စေရန် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ် ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အမျိုးသားလှေလှော်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက မြို့မ (၄)ရပ်ကွက် ကန်ကြီးစေတီတော် မင်္ဂလာကန်တော်ရှိ ရေဇရပ်၌ အစည်းအဝေးပြုလုပ်သည်။