ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ခရိုင်ဦးစီးမှူးဦးဝင်းလှိုင်ဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်ကြီးတံခွန်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးအောင်ခန့်ဝေနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၁၀) နာရီက ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်၊ ချမ်းမြသာယာရပ်ကွက်၊ (ဇ) ရပ်ကွက်နှင့် (စျ) ရပ်ကွက်များသို့ ပန်းခင်း စီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးဦးဝင်းလှိုင်ဦးက ပြည်သူများအား နိုင်ငံသားတစ်ဦး ရရှိသင့်သည့် ကတ် တစ်မျိုးမျိုးကို ရရှိကိုင်ဆောင်နိုင်စေရန်၊ မိမိတို့ဌာနမှပြုလုပ်ပေးနေသည့် စီမံချက်နှင့် ပတ်သက်၍ ရှင်းလင်း ဟောပြောပေးခဲ့ပြီး၊ အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ကြီးတံခွန်မြို့နယ်ဦးစီးမှူး ဦးအောင်ခန့်ဝေနှင့် ဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ခြင်း၊ လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်