လှိုင်သာယာ(အနောက်ပိုင်း)​​​မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

လှိုင်သာယာ ဖေဖော်ဝါရီ ၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပုံပြောပြိုင်ပွဲ၊ ကဗျာ ရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ပြိုင်ပွဲများ ကျင်းပရခြင်းမှာ ကလေးငယ်များအနေဖြင့် အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လို စိတ်များ ရှိစေရန်၊ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အထများရရှိစေရန်၊ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ ဗဟုသုတရရှိစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကဗျာရွတ်ဆိုခြင်း၊ ပုံပြောခြင်းပြိုင်ပွဲများနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ သို့ အမှတ်(၂) မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များအား တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဝေဝေ