ရန်ကုန် ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကလေးငယ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ နေ့ထူးနေ့မြတ်များကို မမေ့အပ်စေရန်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးပြိုင်ပွဲတွင် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်သည့် ကဗျာများအား ကျောင်းသား၊ ကျောင်းသူ လေးများက ရွတ်ဆိုယှဉ်ပြိုင်ကြကာ စကားပုံဆက်ပြိုင်ပွဲ အားဆက်လက်ကျင်းပခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် ဆရာ၊ ဆရာမများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)