ကျိုက်ထီးရိုး Cable car  ပြေးဆွဲရာတွင် ရှာဖွေကယ်ဆယ်ရေး‌လုပ်ငန်း လေ့ကျင့်ဆောင်ရွက်

ကျိုက်ထို ဖေဖော်ဝါရီ ၈


ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင် ဆံတော်ရှင်ဘုရားသို့ ဘုရားဖူးပြည်သူများ ဘုရား ဖူးမြော်ရာတွင် အဆင်ပြေချောမောလွယ်ကူနိုင်ရန် အမြင့်(၂၇)မီတာရှိ Tower  တိုင်တွင် Cable Car ကားဖြင့်ပို့ဆောင်ပေးလျှက်ရှိရာ မတော်တဆဖြစ်ပွားလာပါက အရေးပေါ်ကယ်ဆယ်နိုင်ရန် ကျိုက်ထိုမြို့နယ်မီးသတ်ဦးဌာန ၊ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ဦးဆောင်၍ Cable Car ဝန်ထမ်း များပူးပေါင်းကာ ဖေဖော်ဝါရီ ၇ ရက်နံနက် ၈ နာရီတွင် အရေးပေါ်ကယ်ဆယ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြသည်။
ယင်းသို့လေ့ကျင့်ရာတွင် ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ရဲညွန့်ထွေး၊ ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးမြတ်ကိုနှင့်သ‌န္ဓေ မီးသတ်တပ်ဖွဲ့ ဝင်များCableCar (Maneaging Director)Mr.Kim kang Sik နှင့်ဝန်ထမ်းများက Cable Car Gondolaအိမ်အတွင်း၌ အကြောင်းတစုံတစ်ရာကြောင့် ပိတ်မိနေသောခရီးသွားဧည့်သည်များအား မြေပေါ်သို့ရောက်ရှိစေရန်ကယ်ထုတ်နည်း ၊တစုံတစ်ခုကြောင့် အရေးပေါ်လူနာဖြစ်ပေါ်လာပါက ဆေးရုံသို့အမြန်ဆုံးပို့ဆောင်နိုင်ရန် ဆောင်ရွက်ခြင်းလုပ်ငန်းများအား‌ ပူးပေါင်း‌လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်း‌မောင်(ကျိုက်ထို)