သုံးခွ ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူများအား အိန္ဒိယနိုင်ငံထုတ် (Covic shield) ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် (ဒုတိယအကြိမ်) ထိုးရန်ကျန်ရှိ နေသော ပြည်သူများအား (Sinovac)ဆေး ထိုးနှံပေးခြင်း၊ ကိုယ်၀န်ဆောင် နို့တိုက်မိခင်များအား (Sinophane)ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၁၈)နှစ်ပြည့်ပြီးသူများ၊ ကိုယ်၀န်ဆောင် နို့တိုက်မိခင်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများ၊ အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတ ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ယာဉ်မောင်းဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကားဆရာများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ၊ စားသောက်ဆိုင် လက်ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ကိုယ်၀န်ဆောင်/ နို့တိုက်မိခင်များ ဈေးသည်များနှင့် မသန်စွမ်းများအား ထိုးနှံပေးကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး first Dose ထိုးနှံပြီးသူ ( ၉၄၃၆၇)ဦး၊ second Dose ထိုးနှံပြီးသူ (၉၀၂၈၆)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် (၈၁.၇၃%)ရှိကြောင်း သိရသည်။
စည်သူလင်း