အမြို့မြို့အနယ်နယ်သတင်းများ

Feb 10,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အုန်းတော (၁) (၂) ရပ်ကွက်၊ ဘူတာပတ်လမ်းအရှည် (၃၂၀၀) ပေ၊ အကျယ် (၂၀) ပေ၊ ထုလက်မ ကတ္တရာလမ်းအား (၇၂.၇၀၀) သန်းဖြင့် တစ်ဖက်(၃‌)ပေစီ ချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း စသည့်အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 10,2022
မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာအုပ်စု ကြာကန်ကျေးရွာ၌ ၂ဝ၂၁-၂ဝ၂၂ ခုနှစ် မိုးကြိုချည်မျှင် ရှည်ဝါအထူးဇုံ ၅ဝ ဧက စိုက်ပျိုးမည့် ဒေသခံတောင်သူများအား  ပံ့ပိုးပစ္စည်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြောင်း သိရသည်။
Feb 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန်နှင့် မှန်ကန်သောအစာအာဟာရ ကျွေးမွေးနိုင်ရန်ရည်ရွယ်၍ တိရစ္ဆာန်အာဟာရဗေဒသင်တန်းကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်ပြည်လမ်းရှိ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ပို့ချခဲ့သည်။
Feb 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၄)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 10,2022
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၌ (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ကို  ကြိုဆို ဂုဏ်ပြုသောအားဖြင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲအား မြို့နယ်အားကစားကွင်းတွင် ဇန်နဝါရီ (၃၀)ရက်နေ့မှ စတင်၍ ကျင်းပခဲ့ရာ ယမန်နေ့ ညနေ (၅)နာရီက ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပဆောင်ရွက်ခဲ့သည်။  
Feb 10,2022
ချင်းပြည်နယ်၊ တီးတိန်မြို့၌ တီးတိန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိနးချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ထိန်းချုပ်ရေးများ ယမန်နေ့က ဆောင်ရွက်ပြုလုပ်ကြောင်း သိရသည်။
Feb 10,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တိုက်နယ်ဆေးရုံဝင်း၌ ဖေဖော်ဝါရီလ၁၀ရက် နံနက်၉ နာရီက ကျိုက်ဒုံမြို့၊ သံဃာ့နာယကဩဝါဒ ဆရာတော်များ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျေးရွာနေပြည်သူများမှ စုပေါင်းလှူဒါန်းဆောက်လုပ်ထားသည့် သံဃာ့ဆေးကုသဆောင် လွှဲပြောင်းပေး အပ်ပွဲနှင့် ရေစက်သွန်းချအလှူတော် မင်္ဂလာပွဲ အခမ်းအနား ကျင်းပသည်။