မိုးမောက် ဖေဖော်ဝါရီ ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပြည်ထောင်စုနေ့ဆိုင်ရာ အသိပညာပေး TALK SHOW ကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုနေ့ဆိုင်ရာ အသိပညာပေး TALK SHOW ကို ယနေ့ခေတ်လူငယ် လူရွယ်များအနေဖြင့် မိမိနိုင်ငံ၏ နေ့ထူး နေ့မြတ်များကိုသိရှိပြီး တန်ဖိုးထားတတ်စေရန်၊ မိမိနိုင်ငံကို ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းနှင့် ပြည်ထောင်စုအဓိပ္ပာယ်၊ ပြည်ထောင်စု စိတ်ဓာတ်ဆိုင်ရာများကို အသိပညာပေး ဖြေကြားပေးရန် မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုးက ဆွေးနွေးမေးမြန်းခဲ့ပြီး အငြိမ်းစားဆရာ ကြီးဦးစိုးနိုင်က မြန်မာနိုင်ငံတွင် နေ့ထူး နေ့မြတ်များ သတ်မှတ်ထားခြင်းများရှိကြောင်း၊ သတ်မှတ်ထားသည့်နေ့ရက်တိုင်းတွင် တန်ဖိုးမဖြတ်နိုင်သော သမိုင်းကိုယ်စီရှိကြောင်း နေ့ထူးနေ့မြတ်များကို အမှတ်ရစေခြင်းအားဖြင့် မိမိနိုင်ငံ၏ သမိုင်းကို အမြဲသတိရနေရမှာဖြစ်ကြောင်း လူငယ်လူရွယ်များအနေဖြင့် အတိတ်ကာလ သမိုင်းကြောင်းများကို လေ့လာပြီး အတုယူအလေးထားတန်ဖိုးထားပြီး မိမိနိုင်ငံကို ထိန်းသိမ်းစောင့်ရှောက် ရမည်မှာ ယနေ့ခေတ်လူငယ်လူရွယ်များ၏ တာဝန်ဖြစ်ကြောင်း အသိပညာပေး ဖြေကြားဆွေးနွေးခဲ့ပြီး အဆိုပါ TALK SHOW ကို စိတ်ဝင်စား သည့် လူငယ်လူရွယ်များ တက်ရောက်၍ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သဲစုမိုး