သံဖြူဇရပ်မြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်‌ထောင်စုနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

သံဖြူဇရပ် ဖေဖော်ဝါရီ ၁၀

ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်၍ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းပါဝင်တတ်စေရန်၊ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၉ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများကို ပြုလုပ်သည်။
အဆိုပါအားကစားပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမွန်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူကလေးများက  ပူဖောင်းဖောက်ကစားခြင်း၊ ဘောလုံးပစ်ကစားခြင်းများကို အောင်ဇေယျတိုးချဲ့ အ.လ.က(ခွဲ) ကျောင်းမှ ကျောင်းသားကျောင်းသူ (၃၅)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)