မြောင်းမြခရိုင်(Community Centre) ခန်းမတွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ်အသိပညာပေး Talk Show ကျင်းပ

မြောင်းမြ ဖေဖော်ဝါရီ   ၁၀

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show အစီအစဉ်တွင် မြောင်းမြမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာထွန်းက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့ပြီး၊ မြောင်းမြမြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌမောင်လှိုင်း သစ်(ချစ်စရာမြေ)မှ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ထားရှိ မွေးမြူသင့်ပုံ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၏ ရေးပါပုံ၊ ပင်လုံစာချုပ်ချုပ်ဆိုမှု ကြောင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ စသည်ဖြင့် ပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

မြောင်းမြခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဌာနအနေဖြင့် ပြည်သူလူထု အသိပညာ ဗဟုသုတ ရရှိေမည့် အသိပညာပေး Talk Show များအပါအဝင်၊ ပြပွဲ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ သင်တန်း ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြောင်းမြ (ခရိုင်ပြန်/ဆက်)