လယ်ကြားကျေးရွာ၌ ရတနာရွှေရောင်စေတီတော် ထီးတော်တင်လှူ

 

နောင်တရား  ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာ ကျေးရွာအုပ်စု၊ လယ်ကြားကျေးရွာတွင် တည်ထားကိုးကွယ်သော ရတနာရွှေရောင်စေတီတော် ထီးတော်တင်လှူပွဲကို ယမန်နေ့တွင် ကျင်းပသည်။

အဆိုပါ ရတနာရွှေရောင်စေတီတော်၏ ဉာဏ်တော်အမြင့်မှာ ပေပေါင်း (၄၉)ပေ၊ ၃ လက်မရှိပြီး ၂၀၂၁ ခုနှစ်တွင် စတင်တည်ထားခဲ့ပါသည်။  ရတနာရွှေရောင်စေတီတော်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ထီးတော်တင်လှူပြီး မွန်းလွဲပိုင်းတွင် ထီးတော်တင်လှူပွဲသို့ လာရောက် ကြည်ညိုကြသည့် ဧည့်သည်တော်များက သံဃာတော်များထံမှ နိဗ္ဗာန်ရောက်ကြောင်း တရား တော်များကို အတူတကွ နာယူကြသည်။ အဆိုပါထီးတော်တင်လှူပွဲသို့ သံဃာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပအိုဝ်းအမျိုးသားအဖွဲချုပ်မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက တက်ရောက်ကြည်ညို ကုသိုလ်ယူကြကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)