ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-မ-က ရေတံခွန် ကျောင်း၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ငါးသိုင်းချောင်းနယ်မြေမီးသတ်စခန်း၊ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး၊ အားကစားဆိုင်ရာ အသိပညာပေးခြင်းနှင့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာ ပေးခြင်း အစီအစဉ်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နယ်မြေမီးသတ်စခန်းတာဝန်ခံ၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်က မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်း၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းအေးနှင့် အဖွဲ့က အ-မ-က၊ ရေတံခွန်ကျောင်းသို့ အားကစားပစ္စည်းများပေးအပ်ခြင်း၊ (Fitness Dance) အားကစားနည်းသရုပ်ပြခြင်းနှင့် မူလတန်းကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကိုယ်လက် လှုပ်ရှားကစားပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထုတ်ဝေသည့်သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့ပြန်ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ဟောပြောခြင်း၊ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေး က အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်း အစီအစဉ်များကို ဆောင်ရွက် ခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲနှင့်သရုပ်ပြပွဲသို့ အ-မ-က၊ ရေတံခွန်ကျောင်းရှိ ဆရာ၊ ဆရာမနှင့် မူလတန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၀) ဦး တက်ရောက်လေ့လာခဲ့ကြောင်း သိရသည်။
မြို့(ပြန်/ဆက်)