ပြင်ဦးလွင် ဖေဖော်ဝါရီ၁၀
ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်မှ အစဉ် အလေးထားရမည့် ပြည်ထောင်စုနေ့အကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များနှင့် အသိပညာဗဟုသုတ တိုးပွားစရာများ၊ ၁၉၆၈ ခုနှစ် မြဝတီမဂ္ဂဇင်းပါ ဆရာသမိန်သောင်း၏ ပြည်ထောင်စုသား ဒို့လက်များသည် ကဗျာ၏အနှစ်သာရအကြောင်းတို့ကို ဟောပြောခဲ့ပြီး ပင်လုံ စာအုပ် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားကိုယ်စားလှယ် (၂၃) ဦးတို့အကြောင်းများကို ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၀၀ ကျော် ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်( ပြင်ဦးလွင်)