ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံး Community Centre ခန်းမလူထု အခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ရမ်းဗြဲ ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမလူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့တို့နှင့် ပူးပေါင်းပြီး (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းမှ  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် Book Club အဖွဲ့ဝင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ Grade-10 ကျောင်းသူ မအေးငြိမ်းသော်က မြန်မာနိုင်ငံသူ့ကျွန်ဘဝကျရောက်ရပုံ၊ ပြည်ထောင်စုနေ့ပေါ်ပေါက် လာပုံ၊ ပင်လုံစာချုပ်ဖြစ်ပေါ်လာပုံ၊ အောင်ဆန်းအက်တလီစာချုပ်တွင် ပါဝင်သော အချက်များ၊ လွတ်လပ်ရေးအတွက် ပြည်မနှင့် တောင်တန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြပုံများ၊ ပြည်ထောင်စုကြီး မပြိုကွဲစေရန်နှင့် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ အဓွန့်ရှည်တည်တံ့စေရန် တိုင်းရင်းသား ပြည်သူအားလုံးက ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း စသည့်အချက်များ ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)