သန်လျင် ဖေဖော်ဝါရီ ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် မြို့နယ်သံဃာ့ ဝန်ဆောင်အစည်းအဝေးနှင့် မြို့နယ်သံဃာ့နာယက အဖွဲ့အစားထိုး ရွေးချယ် တင်မြှောက်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား ဘုရားကန်တော့ဖွင့်လှစ်ပြီး သဘာပတိဆရာတော်ကြီးထံမှ အစားထိုးရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ သြဝါဒအားနာယူကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှုး ဦးရဲမွန်အောင်က သာသနာရေး ဆိုင်ရာများ လျောက်ထားသည်။
ဆက်လက်၍ ကြွရောက်တော်မူလာကြသော မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မြို့နယ်သံဃာ့နာယကအဖွဲ့အား ရွေးချယ်တင်မြှောက်ကြရာ ဥက္ကဋ္ဌ ဦးဉာဏိက(ဘုံပျံစာသင်တိုက်)၊ ဒုတိယဥက္ကဋ္ဌ ဦးဝိနိယ(ကျိုက်ဗော ဓိအရှေ့ကျောင်း)၊ အကျိုးဆောင် ဒေါက်တာသောဘိတ(ဓမ္မပါလကျောင်း)၊ တွဲဘက်အကျိုးဆောင် ဦးသုဇာတ(အုပ်ဖိုကျောင်း) အဖွဲ့ဝင် ဆရာတော်များအဖြစ် ဦးသုဝဏ္ဏ(သိမ်ကျောင်း)၊ ဦးသြဘာသ(မင်းကျောင်းစာသင်တိုက်)၊ ဦးနရိန္ဒ(နရိန္ဒာရာမကျောင်း)၊ ဦးဇဝန (ဓမ္မာရုံ ကျောင်း)၊ ဦးဥတ္တရ(မင်္ဂလာကန်ဦးကျောင်း)တို့အား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
သန်းဝင်း