ကျိုင်းတုံ ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကျိုင်းတုံခရိုင် တိုင်းရင်းဆေးမှူး ဦးမင်းဟန် တက်ရောက်ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက အသိပညာပေးဆိုင်ရာ Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျိုင်းတုံမြို့ ၂၅ကုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် တိုင်းရင်းဆေးကု ဌာနများမှ ပြည်သူအား ကျန်းမာရေး စောင့်ရှောက် ပေးမှု အခြေအနေများ၊ ဒေသအတွင်း အဖြစ်များသည့် ရောဂါများ၊ မြန်မာနိုင်ငံ၌ ပြဌာန်းထားသည့် တိုင်းရင်းဆေးဝါး ဉပဒေ အကြောင်းတို့ ဆွေးနွေး သည်။
ထို့နောက် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သတိပြုလိုက်နာရမည့် ရှောင်ရန်၊ ဆောင်ရန် အချက်များ ကို အကျယ်တဝန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)