ကလောမြို့လူထုအခြေပြုဗဟိုဌာန(Community Center)တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

ကလော  ဖေဖော်ဝါရီ   ၁၁

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်  ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ဉာဏစွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ ပုံတူပန်းချီပြိုင်ပွဲကို ယနေ့မွန်းလွှဲ ၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းမော်က  ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ကလောမြို့အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းမှ(အထက်ဆင့်) ကျောင်းသား/ကျောင်းသူ(၁၄) ဦးတို့က အသီးသီးယှဉ်ပြိုင်ခဲ့ကြ သည်။

ဆက်လက်၍ ပြိုင်ပွဲတွင်ဆုရရှိသူများအား ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကလော(ပြန်/ဆက်)