ကျောက်တန်း ဖေဖော်ဝါရီ ၁၂
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူအသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် Talk Show အား ယနေ့နေလယ်၂နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ ပင်လုံစာချုပ်ချုပ်ဆိုသူများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် ပတ်သက်၍ ဦးတည်ချက်များနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပင်လုံညီလာခံမှ သမိုင်းဝင်စကားများ၊ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံမှသာ စစ်မှန်သောဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်မည်ဟူသော အချက်တို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲ Talk Showတွင် ကျောက်တန်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး(တာဝန်ခံ) ဒေါ်စမ်းစမ်းစိမ့်နှင့် မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ(ငြိမ်း) ဦးကျော်ဦးတို့က ဆွေးနွေးခဲ့ကြသည်။
မြိုနယ်(ပြန်/ဆက်)