ရွှေပြည်သာ ဖေဖော်ဝါရီ ၁၂
၂၀၂၂ခုနှစ်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အသက်(၁၄)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရ မြောက်ပိုင်းခရိုင် ဘောလုံးအသင်းမှ ရွှေပြည်သာမြို့ နယ် ကိုယ်စားပြုကစားသမား(၁၅)ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်( ၁၀) နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အ-ထ-က(၁) ရွှေပြည်ရတနာခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရွှေပြည်သာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးမှ ဂုဏ်ပြုအမှာစကားပြောကြားပြီး အကောင်းဆုံးအားကစားသမားများအား တစ်ဦးချင်းအလိုက် ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကပေးအပ်ချီးမြင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြင့်ခဲ့ရာ ရွှေပြည်သာမြို့နယ် ဘောလုံးအသင်းနည်းပြဦးနိုင်ဝင်းမှ လက်ခံ ရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ )