ကျောက်ကြီးမြို့ ပြည်လုံးချမ်းသာစေတီတော်ရောင်တော်ဖွင့်ခြင်းနှင့် ဆီးမီးတစ်ထောင်ဆပ်ကပ်လှူဒါန်း

ကျောက်ကြီး ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မင်းအိုကြီး သာသနာ့နယ်မြေအတွင်းရှိ ပြည်လုံးချမ်းသာစေတီတော်၌ ဒေသအတွင်းရှိပြည်သူများစုပေါင်း၍ ယမန်နေ့ည ၇ နာရီ အချိန်တွင် ရောင်တော်ဖွင့်ခြင်းနှင့် ဆီမီးတစ်ထောင်ဆပ်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

ပြည်လုံးချမ်းသာစေတီတော်အား ကျောက်ကြီးမြို့ ရွှေခရီး (စက်သုံးဆီ)အရောင်းဆိုင်မှ မတည်၍  ဒေသခံပြည်သူများ စုပေါင်းလှူဒါန်းကာ၊ လုပ်အားဒါနများဖြင့် မင်းအိုကြီး သာသနာ့နယ်မြေအတွင်းရှိ ပြည်လုံးချမ်းသာစေတီတော်အား ရောင်တော်ဖွင့် ရွှေသင်္ကန်း၊ ထုံးသင်္ကန်း ဆပ်ကပ် လှူဒါန်းခြင်း၊ တပို့တွဲလပြည့်ည ဆီမီးတစ်ထောင်ဆပ်ကပ်လှူဒါန်းခြင်း၊ ထမနဲများအား ဖော့ဖာ ဘူး(၅၀၀) ဖြန့်ဝေလှူဒါန်းခြင်း၊ တစ်ညတာ ပဌာန်းတရားတော် ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းအကျိုးဆောင် လူငယ်အဖွဲ့ထံမှသိရသည်။

ယခုလို ပြုလုပ်ဆောင်ရွက်ရခြင်းမှာ ကျောက်ကြီးမြို့နယ်အတွင်း ကပ်ရောဂါဘေးကင်းဝေးပြီး ငြိမ်ချမ်း သာယာစေရန်ရည်ရွယ်၍ မြို့ပေါ်ဒေသခံများပေါင်းစုဆောင် ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်