ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ဝါးခယ်မ ဖေဖော်ဝါရီ ၁၆

ဧရာဝတီဝတိုင်း‌ဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်)ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ‌ရွှေခယ်သီရိ အားကစားခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံရပြည်သူ (၁၅၀)ဦးနှင့် (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူပြည်သူ (၃၆၃)ဦး တို့အား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ အသင်းအဖွဲ့များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဆေး‌ထိုးရန် ကျန်ရှိနေသော ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဝါးခယ်မမြို့နယ်အတွင်း ပိုးတွေ့လူနာ ကျား (၁၀)ဦး၊ မ (၁၄)ဦး၊ ပေါင်း (၂၄)ဦး၊ ဆေးရုံဆင်းလူနာ ကျား (၄)၊ မ (၄)ဦး၊ ပေါင်း (၈)ဦး၊ ကုသဆဲလူနာ ကျား (၆)ဦး၊ မ (၁၀)ဦး၊ ပေါင်း (၁၆)ဦး ဖြစ်ကြောင်း သိရှိရပါသည်။

စောသန္တာဦး