ငါးသိုင်းချောင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး မြေစိုက်ဘုတ် စိုက်ထူခြင်းနှင့် (Mask Campaign) ဆောင်ရွက်

ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ မြို့အဝင် ပုသိမ်-မုံရွာ လမ်းမကြီးလမ်းဆုံတွင် ယနေ့ နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်တို့ ဦးဆောင်သော ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့စခန်းမှ ပူးပေါင်းအဖွဲ့က အဆိုပါလမ်းဆုံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး မြေစိုက်ဘုတ် စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များက အဆိုပါလမ်းဆုံတွင် ကိုဗစ်-၁၉ ရောဂါ၊ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် လမ်းသွားလမ်းလာ ဒေသခံပြည်သူများသို့ (Mask) နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်း၊ (Mask) နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ငါးသိုင်းချောင်းမြို့အဝင် ပုသိမ်-မုံရွာ လမ်းမကြီး လမ်းဘေးဝဲယာတစ်လျောက် သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး မြေစိုက်ဘုတ် (၁)ဘုတ်စိုက်ထူခြင်း၊ (Mask)အခုရေ (၅၀၀) အခမဲ့ဝေငှခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရှိရသည်။

စိုးမင်းဦး