ကျောက်ဆည် ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစိမ်းလန်းစိုပြေရေး၊ မြေအောက်ရေ ထိန်းသိမ်းရေး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေသာယာလှပစေရေးနှင့် ရာသီဉတုမျှတ ကောင်းမွန်လာစေ ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်အပူပိုင်း စိမ်းလန်းစိုပြေ ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စိုက်ခင်းဧက(၈၅)ဧကနှင့် စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်(၁၃၉၀၀)ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် ကျေးရွာထင်းစိုက်ခင်း (၂၀)ဧက၊ တောင်တန်းဒေသများတွင် (၄၀)ဧက၊ ကျေးရွာ နေအိမ်ဝိုင်းခြံစည်းရိုးများတွင်(၂၇)ဧက၊ အထူးစိမ်းလန်း တစ်အုပ်တစ်မစိုက်ခင်း(၁၃၉၀၀)ပင်၊ ရဒါန်း ချောင်းဆုံ (မြောက်)ကြိုးဝိုင်း အကွက်အမှတ်(၁၆)နေရာတွင် ပျိုးပင်စုစုပေါင်း(၈၇၅၉၃)ပင် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုက်ပျိုးမည့် ပျိုးပင်အမျိုးအစားများကို ကျောက်ဆည်ခရိုင် အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနရုံး မြို့မ ပျိုးဉယျာဉ်တွင် မဲဇလီ (၁၆၄၅၆)ပင်၊ ယူကလစ် (၁၉၆၇၆)ပင်၊ ရှား(၁၃၄၅၅)ပင်၊ မြန်မာကုက္ကို (၁၇၇၇၄)ပင်၊ တမာ (၁၁၅၈၂)၊ ဖျောက်ဆိပ် (၁၀၀၀)ပင်၊ ယင်းမာ (၁၀၀၀)ပင်၊ မာလကွတ် (၂၀၀၀)ပင်၊ ဒဟတ် (၄၀၀၀) ပင်၊ ကျွန်း (၄၅၀)ပင်နှင့် လျော်ဖြူ(၂၅၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)