သီပေါ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကို စိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် Myanmar Fitness Dance အကများ လေ့ကျင့်သင်ကြားပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်သန်းရွှေမာက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် ကျောင်းသား လူငယ်မောင်မယ်များ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးသည် ကျန်းမာရေးနှင့် စပ်လျဉ်းသည့် ကိုယ်လက်လှုပ်ရှား အားကစားကို နေ့စဉ်ပုံမှန် ပြန်လည်သက်ဝင်လှုပ်ရှားနိုင်စေရန်၊ ထူးချွန်ထက်မြက်သော အားကစားလူတော်များ မွေးထုတ်ပေးနိုင်ပြီး လုပ်ငန်းခွင်တွင် လုပ်ငန်းစွမ်းအားတိုးတက်စေရန်နှင့် မိမိပတ်ဝန်းကျင်တွင် ကျန်းမာကြံ့ခိုင်၍ လူ့သက်တမ်းစေ့ နေထိုင်သွားလာနိုင်စေရန်စသည့် အားကစားနှင့် သက်ဆိုင်သော အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ပြီးနောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှားအားကစားအဖြစ် Myanmar Fitness Dance အကသင်ကြားပြသရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ သင်ယူကစားခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)