တောင်ကြီးမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

တောင်ကြီး မတ် ၉

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် Covid Shield ပထမအကြိမ်ထိုးနှံပြီးသူများကို မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ်အားကစားခန်းမတွင် ဒုတိယအကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် စေတနာ့ဝန်ထမ်းများက ဆေးထိုးရန် လာရောက်သူများအား နေရာချထား ပေးခြင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်း မှတ်တမ်းရေး သွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေး ခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကို တောင်ကြီးမြို့နယ် အားကစားခန်းမတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး CoviShield ပထမအကြိမ် ထိုးနှံပြီးသူများအား မတ်လ ၇ ရက်နေ့မှ  ၉ ရက်နေ့၊ နံနက်(၉)နာရီမှ နေ့လယ် ၁၂ နာရီအထိလည်းကောင်း၊ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီထိလည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် မတ်လ ၈ ရက်နေ့ ညနေ အထိ ၁၇၆၀ ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း  သိရသည်။

ဇော်နိုင်လင်း