ကျောက်တန်း မတ် ၉
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပန်းတောစံပြကျေးရွာတွင် နေကြာပန်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နေကြာပန်း အမျိုးအမည်မှာ ရေဆင်း -၁ ဖြစ်ပြီး နေကြာပန်းမျိုးစေ့မှာ တစ်ပြည်ကို ၅၀၀၀ ကျပ်ဖြစ် ဝယ်ယူပြီး၊တစ်ဧက(၃)ပြည်မျိုးချရကြောင်း ရက်ပေါင်း(၆၅)ရက်ကြာစောင့်ရပြီး အထွက် နှုန်းမှာ တစ်ဧက ၁၁ တင်း ထွက်ရှိပြီး ကာလပေါက်ဈေးမှာ တစ်တင်း ၃၂၀၀၀ကျပ် ရောင်းချရကြောင်း ပန်းတော စံပြကျေးရွာ နေကြာစိုက်ပျိုးတောင်သူ ဦးကြည့်မြင့် ထံမှာ သိရှိရပါသည်၊၊
နေကြာပန်းကို ဆီထွက်သီးနှံအဖြစ်စိုက်ပျိုးခြင်းအပြင် ဘုရားပန်းအဖြစ်လည်း စိုက်ပျိုးရောင်းချရာ ဈေးကွက်တွင် အရောင်းသွက်ကြောင်း စိုက်ပျိုးသူမှ ၁၀ ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။
မြိုနယ် ပြန်/ဆက်