အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့အဝင်စစ်ဆေးရေးဂိတ်တွင် သာယာဝတီခရိုင်အတွင်းနေထိုင်ပြီး တိုင်းပြင်ပရှိမြို့များအား သွားရောက်ပြီးခရိုင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာသော ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်း များနှင့် မြို့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ နေ့စဉ်RDT Test Kit ဖြင့်စစ်ဆေးခဲ့ကြမည်ဖြစ်ကြောင်း သိရသည်။
Mar 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကောင်လှိုင်းကျေးရွာ၌ ဗိုလ်စားပဲကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။
Mar 09,2022
ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် နေပြည်တော်လူမှုဝန်ထမ်းဦးစီးမှ ဝန်ထမ်းများပူပေါင်းပြီး ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေး ဆိုင်ရာအချက်များကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။
Mar 09,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်နှင့် သီးခြားပြဘုတ်တွင်  လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲ ရေး အသိပညာပေးစာစောင်များကို ပြသခြင်းဆောင်ရွက်လျက်ရှိသည်။
Mar 09,2022
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့နံနက် (၉)နာရီ အချိန်က ဘူးသီးတောင်မြို့၊ မြို့မစည်ပင်သာယာစျေးရှေ့၌ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ယာဉ်များ စနစ်တကျထားရှိနိုင်ရေး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Mar 09,2022
ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် သတ္တမအကြိမ်မြောက် တပေါင်းပွဲဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်‌နေ့က မိုင်းလုံမြို့ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ အသေးစား ချေးငွေလုပ်ငန်းအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်စခန်းမှ ဦးစီးမှူး ဦးမြတ်သူထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။