ဖျာပုံမြို့နယ်၌ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ Mask Campaign ပြုလုပ်

ဖျာပုံ မတ်လ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်များ ထပ်မံတွေ့ရှိနေခြင်းကြောင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာ ပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ပေါ် ဆိပ်ကမ်းသာစျေးနှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ကြသည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့၊ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပညာပေးလှုပ်ရှားမှု အစီအစဉ်များဖြင့် တင်ဆက်ခြင်း၊ နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို မြို့ပေါ် လူစည်ကားရာနေရာများဖြစ်သော ဆိပ်ကမ်းသာစျေး၊ ဒုတိယ လမ်းမီးပွိုင့်ဒေါင့်တို့တွင် Mask တပ်ဆင်ထားခြင်း မရှိသူများအား နှာခေါင်းစည်း Mask အခုရေ (၁၀၀၀)ကျော်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်