Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကိုဗစ်-၁၉ ကာကွယ်ဆေး လုံးဝမထိုးရသေးသူစာရင်း ကောက်ယူခြင်းအား ဌာနဆိုင်ရာများ ကြီးကြပ်ဆောင်ရွက်
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း အသက် (၁၈)နှစ်အထက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရန် ကာကွယ်ဆေး လုံးဝမထိုးရသေးသူစာရင်း ကောက်ယူခြင်းအား ယမန်နေ့ နံနက် (၉)နာရီခန့်မှစ၍ ရပ်ကွက်ကျေးရွာများသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာများအလိုက် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရန်၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရန်၊ မီးဘေးအန္တရာယ် ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့ ညပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်း လှည့်လည်၍ မီးသတိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အပြီးသပ်ထိုးနှံပေးသွားမည်
Mar 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ အားလုံးကို ၂၀၂၂ ခုနှစ်၊ ဧပြီလကုန် နောက်ဆုံးထား၍ အပြီးသပ်ထိုးပေးသွားမည် ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်-ပန်ကေတု-သီပေါလမ်းပိုင်းအား ၅.၅ မီတာအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Mar 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် အတွင်းရှိ လွိုင်လင် - ပန်ကေတု - သီပေါလမ်း အပိုင်းကို (၅.၅) မီတာအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် မြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များမှ ယမန်နေ့နေ့လည်က လမ်းပိုင်းအား ကွင်းဆင်း စစ်ဆေး ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် မီးဘေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်
Mar 09,2022
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မတ်လ(၈)ရက်နေ့ ညနေပိုင်းက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့နယ်အတွင်း လူစည်ကားရာ အရပ်များ၌ မီးဘေးအသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်လုံးဆိုင်ရာ မြို့မိမြို့ဖ၊ရပ်မိ ရပ်ဖဖွဲ့စည်းတာဝန်ပေးအပ်ခြင်း
Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်လုံးဆိုင်ရာမြို့မိမြို့ဖ၊ ရပ်မိရပ်ဖ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်း အနားကို ယမန်နေ့နံက်ပိုင်းက ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် မိဘ ပြည်သူများကို မြို့လယ်ကျက်သရေဆောင် အောင်တော်မူဘုရား တန်ဆောင်း၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလကုန်၌ ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက် ဌာနဆိုင်များအား နယ်မြေအလိုက် ကွင်းဆင်း ကြီးကြပ်ရေးအဖွဲ့ဖွဲ့၍ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များအရောက် ကွင်းဆင်း၍ ယနေ့ နံနက်၌ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေးစာစောင်များ မြေစိုက်နံရံကပ်ပြဘုတ်များဖြင့် အသိပညာပေးပြသခြင်း ဆောင်ရွက်
Mar 09,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်နှင့် သီးခြားပြဘုတ်တွင် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲ ရေး အသိပညာပေးစာစောင်များကို ပြသခြင်းဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22138
Page
22139
Page
22140
Page
22141
Current page
22142
Page
22143
Page
22144
Page
22145
Page
22146
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department