အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2022
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင် ဦးမော့နိုင်စေရန်အတွက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ယမန်နေ့က ရွာလွတ်ကျေးရွာလက်မှု လုပ်ငန်းများနှင့်ယဉ်ကျေးမှု ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဒေသခံ များအား အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Mar 09,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစား ဆုံးဖြတ် တတ်လာစေရေး အတွေးအခေါ်
Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင် တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ် နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ၊လူမှုရေး အသင်းအဖွဲ့များပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
Mar 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကောင်လှိုင်းကျေးရွာ၌ ဒေသခံ ပြည်သူ များ ခရီးသွားလာမှုနှင့်ကုန်စည်စီးဆင်းမှု အဆင်ပြေစေရန်အတွက် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တတိယပတ်က စတင်ခင်းကျင်းရာ ယခုချိန်တွင် ၅၀ ရာခိုင်နှုန်းကျော် ခင်းကျင်းပြီးစီးနေပြီဖြစ်ကြောင်း ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီထံမှ သိရ သည်။
Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (Covid Shield) ကာကွယ်ဆေးထိုးများ ဆက်လက် ထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၉ နာရီ သာယာဝတီ မြို့နယ်အတွင်းရှိကာကွယ်ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 09,2022
မကွေးတိုင်းဒေသကြီးအတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မကွေးမြို့နယ် ၏ အခြေခံမဲဆန္ဒရှင်စာရင်းအား မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်း စီမံချက် (pilot project) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မကွေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (မကွေးတိုင်းဒေသကြီး တာဝန်ခံ) ဦးအောင်လွင်ဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် (pilot project)တွင် ပါဝင်ဆောင်ရွက်မည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း(၃၁၁)ဦး တက်ရောက်ခဲ့ ကြသည်။
Mar 09,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီ က ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မြေပုံမြို့ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေးအကြံပြုစစ်ဆေး ခြင်းနှင့်လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသကြသည်။
Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများ အိုမီခရွန်ရောဂါပိုး ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့မှ Mask စနစ်တကျတပ်ဆင်သွားလာရေးနှင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက စျေးရောင်းစျေးဝယ်များစည်ကားသည့် မြို့မစျေးကြီးအတွင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။