အရပ်ရပ်ဆိုင်ရာအခွင့်အရေးလုပ်ငန်း လိုင်စင်၊ သားသတ်လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး နှင့်စျေးပြိုင် လေလံစနစ်ဖြင့် ရောင်းချပေးသည့် အခမ်းအနားကျင်းပပြုလုပ်

လွိုင်လင်    မတ်   ၉

ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်မြို့နယ်နှင့် ပင်လုံမြို့နယ် ခွဲစည်ပင်သာယာရေးဌာနတို့၏ အရပ်ရပ်ဆိုင်ရာ အခွင့်အရေး လုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်း လိုင်စင်များ သက်တမ်းတိုးနှင့် စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချ ပေးမည့်အခမ်းအနားအား ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။ 

အဆိုပါအခမ်းအနားတွင် ကြမ်းခင်းစျေးတွက်ချက်ရေးနှင့် လေလံရောင်းချရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်စည်ပင် သာယာရေး ဌာနအမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးမှ ( ၂၀၂၂-၂၀၂၃ )ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ လိုင်စင်များအား စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပေးခဲ့ကာ လုပ်ငန်းလိုင်စင် လျှောက်ထားသူများမှ မရှင်းလင်းသည်များအား ပြန်လည်မေးမြန်းခဲ့ကြသည်။ ယင်းနောက် တာဝန်ရှိသူများမှ လုပ်ငန်း လိုင်စင်များ သက်တမ်းတိုးချပေးခြင်းနှင့် စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)