Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကလောမြို့နယ်၌ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေး နှိုးဆော်
Mar 10,2022
ယခုအခါ ရာသီဥတုပူပြင်းသော နွေရာသီသို့ ကူးပြောင်းရောက်ရှိလာသောကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက်ပိုင်း က မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းလှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်၌ စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များ စျေးပြိုင်လေလံစနစ်ဖြင့် စိစစ်ရောင်းချ ပြီးစီး
Mar 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဒုတိယအကြိမ် စျေးပြိုင် လေလံစနစ်ဖြင့် စိစစ်ရောင်းချခြင်းကို ယနေ့ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ စက်သုံးဆီဈေးနှုန်းနှင့် အချင်အတွယ်မှန်ကန်စွာ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး
Mar 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ စက်သုံးဆီစျေးနှုန်းနှင့် အချင်အတွယ်မှန်ကန်စွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် အမှတ်(၂)ရပ်ကွက်ရှိ ရတနာကောင်းကင် ဆီဆိုင်အား ယနေ့နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ်၌ ကျောင်းကျန်းမာရေးကော်မတီ အစည်းအဝေးကျင်းပ
Mar 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီခန့်က ကျောင်းကျန်းမာရေး ကော်မတီအစည်းအဝေး ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့၌ ပအိုဝ်းအမျိုးသားနေ့ ကျင်းပရန် ကြိုတင်ပြင်ဆင်
Mar 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ စန္တားခမ်းဘက်စုံ ဖွံ့ဖြိုးရေးကွင်း၌ ပအိုဝ်း အမျိုးသားနေ့ ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်၌ မဲစားရင်များအား မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန် ညှိနှိုင်းဆွေးနွေး
Mar 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယနေ့နံနက် (၁၀) နာရီအချိန်က မဲစာရင်းများအား မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်အတွင်း တည်ဆောက်လျှက်ရှိသည့် မိုးယွန်းကြီးရေပိုလွှဲလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဝေါ၊ သနပ်ပင်၊ ကဝနှင့် ရန်ကုန်တိုင်း မိုင်(၃၀)စိမ်းလန်းစိုပြည်ရေး စီမံကိန်းအတွင်းရှိ ခရမ်း၊ သုံးခွ မြို့နယ်တို့မှ နွေစပါးစိုက်ဧက ငါးသောင်းကျော်တို့အား ရေလုံလောက်စွာပေးစွမ်းနိုင်ရန်အတွက် မိုးယွန်းကြီးအင်းအတွင်း ရေပိုမိုသိုလှောင်နိုင်ရန်နှင့် ထိုသို့သိုလှောင်ထားချိန်တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့်သော်လည်းကောင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့်သော်လည်းကောင်း ကန်ရေ ရုတ်တရက် မြင့်တက်လာမှုကြောင့် တာရေကျော်ကျိုးပေါက်မှုမှ ကာကွယ်ရန်နှင့် ပိုလျှံလာသော ရေများအားအချိန်မီ ထုတ်လွှတ်နိုင်ရန်ရည်ရွယ်ကာ တည်ဆောက်လျက်ရှိသည့် မိုးယွန်းကြီးရေပိုလွှဲ တည်ဆောက်ရေးလုပ်ငန်းများကို မတ် ၉ ရက် နေ့လယ်ပိုင်းက မြို့နယ်တည်ဆောက်ရေးများ စိစစ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နောင်တရား မြို့ အ.ထ.ကကျောင်း အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22109
Page
22110
Page
22111
Page
22112
Current page
22113
Page
22114
Page
22115
Page
22116
Page
22117
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department