အမြို့မြို့အနယ်နယ်သတင်းများ

Mar 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ သောက်သုံးရေ အဆင် ပြေချော မွေ့စေရေးအတွက် သောက်ရေစင်နှင့် ရေစည်လှုဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က အ.ထ.က(၁)ကျောင်းဝန်းရှိအနာဂတ်ပန်းခင်း စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးအိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ စျေးများနှင့် ကုန်စည်ပွဲရုံများဌာန၏စီစဉ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်အတွင်းရှိ လူစည်ကားရာစျေးများ၊ ကားမှတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/ နှာခေါင်းစည်း ( Mask ) များနှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့် ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင် များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေးအတွက် ပါးစပ်/ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေးလှုပ်ရှားမှုများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
Mar 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။
Mar 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယ‌နေ့နံနက်ပိုင်းက ​ဆေးထိုးစုရပ် (၆)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ ကြောင်း ပန်းတောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
Mar 11,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် လမ်းသွားလမ်းလာပြည်သူများကို ကိုဗစ်-၁၉ ရောဂါနှင့် ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask Campaign) ပြုလုပ် ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ဝင်လမ်းဆုံနေရာ၌ ပြုလုပ်ခဲ့ကြသည်။
Mar 11,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ တောင်ပေါ်ရပ်ကွက်ရှိ အသက် ၁၈ နှစ်နှင့်အထက် ဘင်္ဂါလီလူမျိုး ၅၀၀ ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆေးထိုးသတ်မှတ် စုရပ်အသီးသီးတွင် စနစ်တကျ စတင်ထိုးနှံပေးကြကြောင်း သိရသည်။
Mar 11,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး မွန်းမံသင်တန်းဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
Mar 11,2022
ဧရာဝတီတိုင်း​ဒေသကြီး၊​ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမ​ငေးမြို့တွင် ကိုယ်ဝန်​ဆောင် မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​စေ​ရေးအတွက် ယ​နေ့နံနက် ၁၀နာရီအချိန်က ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူ အဖွဲ့များက ကျုံမ​ငေးမြို့ တိုက်နယ်​ဆေးရုံသို့ သွား​ရောက်၍ ကိုဗစ်-၁၉ ကာကွယ်​ဆေး ထိုးနှံနိုင်ရေး တွန်းအား​ပေး​ ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။