အမြို့မြို့အနယ်နယ်သတင်းများ

Mar 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းခွဲ သို့ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 11,2022
ရှမ်းပြည်နယ်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကိုသိရှိစေရန် ရည်ရွယ်၍ “ စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့မွန်းလွှဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နွေစပါး (၁၈၄)ဧက လျာထားပြီး ယနေ့ထိ (၅၂)ဧကစိုက်ပျိုးနိုင်၍ (၁၈၄)ဧကပြည့်မီအောင် တောင်သူများနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 11,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်ချိန်မှစ၍ အာဟာရပြည့်ဝရန်နှင့် မွေးဖွားလာသော ကလေးသူငယ်များအား ကလေးသူငယ်အခွင့်အရေး (၄)ရပ်နှင့်အညီ ကာယ၊ ဉာဏ၊ စာရိတ္တ စိတ်လှုပ်ရှားမှု၊ ခံစားမှုပိုင်းဆိုင်ရာနှင့် ပေါင်းသင်းဆက်ဆံရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို အသက်အရွယ်အလိုက် စနစ်တကျ နည်းလမ်းမှန်ကန်စွာရရှိနိုင်မှုအတွက် ကလေးသူငယ်၏ ရှေးဦးဘဝ ရက်ပေါင်း (၁၀၀၀)အတွင်း အာဟာရပြည့်ဝမှုမှ အရေးကြီးသောအချက်ဖြစ်ပြီး ကောင်းမွန်သော ပတ်ဝန်းကျင်မှ အန္တရာယ်ကင်းစွာနေထိုင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ (၆)လ ဘတ်ဂျက် ပထမသုံးလပတ်အတွက် MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန ၏    ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီမှ ညနေ (၃)နာရီအချိန်အထိ ရန်အောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Mar 11,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသော အသက် ၁၈နှစ်အထက် ဒေသခံပြည်သူများနှင့် ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ က မြို့နယ်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြမြနွယ်စိုးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီ က ယမုံနာ (၁) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 11,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ဇော်လင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကာကွယ်​နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်​လေ့ကျင့်မှုများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက​ နေ့စဉ် လေ့ကျင့်​ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။