နောင်ချို မတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယနေ့နံနက် (၁၀) နာရီအချိန်က မဲစာရင်းများအား မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုး က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲစာရင်း မှားယွင်းမှုအပေါ် အခြေခံ၍ ၂၀၂၃ ခုနှစ်၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး ညှိနှိုင်းရခြင်းဖြစ်ကြောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် ပါဝင်သောဌာနဆိုင်ရာများအပြင် အခြားဌာနများကိုလည်း ပေါင်းစပ်ဆောင်ရွက်နိုင် ကြစေလိုကြောင်း၊ မဲစာရင်းများအား မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန် အဖွဲ့ (၁၀) ဖွဲ့ ဖွဲ့၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဌာနဆိုင်ရာများမှ လူအင်အား၊ စက်အင်အား ဖြည့်ဆည်းကူညီ ဆောင်ရွက်နိုင်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးခင်မောင်ချင်း က မြေပြင်ကောက်ယူသည့် စာရင်းကို လဝက အိမ်ထောင်စု ပုံစံ- ၆၆ နဲ့တိုက်ဆိုင်စစ်ဆေးသွားရမှာဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဧပြီလ ၃၀ ရက်နေ့အပြီး ဆောင်ရွက်ရန် တင်ပြထားကြောင်း၊ မိမိတို့ ဝန်ထမ်းအင်အားနှင့်မလုံလောက်သည့်အတွက် ဌာနဆိုင်ရာများမှလူအင်အား၊ စက်အင်အား ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်မည့် လုပ်ငန်း အစီအမံများအား တင်ပြဆွေးနွေးခဲ့ကြသည်။
ထွေးငယ်(ပြန်/ဆက်)