တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နောင်တရား   မတ် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နောင်တရား မြို့ အ.ထ.ကကျောင်း အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် နောင်တရားမြို၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက  အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးနွယ်က နောင်တရား စာစစ်ဌာနတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံချက်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီများနှင့် ရပ်မိရပ်ဖများက ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရန် ပြောကြားသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီများနှင့် ရပ်မိရပ်ဖများက တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍများတွင် ကြိုတင်ဆောင်ရွက်ပေးမည် အခြေအနေများကို ညှိနိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)